MNP ၊ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှ သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသိပညာပေးဟောပြောခြင်းကို ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း)အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁) ဦးသိန်းထွန်းမှ သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV) သည် နိုင်ငံတကာသုတေသနပြုချက် များအရ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ သားအိမ်ခေါင်းရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့်အတွက် အဆိုပါ ရောဂါကိုကာကွယ် နိုင်ရန်အတွက် အမျိုးငယ်များ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များကို ကာကွယ် ဆေးထိုးနှံလျှက်ရှိပြီး မထိုးနှံရသေးသောကလေးငယ်များအား ဆက်လက်ထိုးနှံပေးနိုင်ရန် ဆောင် ရွက်လျက်ရှိ သည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ ရပ်ကျေး/စာရေးများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment