ကျိုက်ထိုမြို့အထက (ခွဲ)ဇေယျာမွန်ကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့အထက (ခွဲ)ဇေယျာမွန်ကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ်





MNP ၊ အောက်တိုဘာ  ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာန နှင့် စာပေချစ်သူများအသင်း တို့ ပူးပေါင်း၍  လူငယ်/လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ကျိုက်ထိုမြို့၊အထက (ခွဲ) ဇေယျာမွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စာပေချစ်သူများအသင်း(Book Club)  အဖွဲ့ဝင် ဦးတင်‌ထွေးနှင့် ဦးလှထွန်းတို့မှ အမှာစကား ပြောကြားပြီး ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက 

ဗလငါးတန်နှင့်ပြည့်စုံရန်၊အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန်ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့်  နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး၊ ဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိကအစီစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အထက(ခွဲ)ဇေယျာမွန်ကျောင်းမှ  Grade- 12ကျောင်းသူ မနုနု‌ဝေ၊ Grade11‌ ကျောင်းသူ မရှင်းရတီ‌နှောင်း၊Grade 10‌ ကျောင်းသူ မခိုင်သ‌ဇင်စိုးတို့မှ"အောင်မြင်မှုအတွက်ဘဝဟန်ချက်"၊"ယနေ့ခေတ်လူငယ်တွေသိနေတဲ့ယဉ်ကျေးမှု"၊"လူထဲကလူ အတူတူမဟုတ် "ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေ ဆွေးနွေးခဲ့ကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများနှင့် စာ‌ပေချစ်သူများအသင်း အဖွဲ့ဝင်များတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး အထက(ခွဲ)ဇေယျာမွန်မှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခင် က လူငယ်စကားဝိုင်းလာရောက်ပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြော‌ကြားခဲ့သည်။


   ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)