ကျောက်ဖြူခရိုင်ရုံး ( Community Centre ) ခန်းမ၌ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူခရိုင်ရုံး ( Community Centre ) ခန်းမ၌ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်





MNP ၊ အောက်တိုဘာ  ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။ 


ဟောပြောပွဲတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ် က လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်၍ ယခုအရွယ်မှ စပြီး  ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး၍ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိ စေရန် သုတစာပေနှင့် ရသစာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်၊ စာ​စောင် များကို အခမဲ့ဖတ်ရှုငှားရမ်းနိုင်ပြီး ပြိုင်ပွဲများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသဖြင့် လာရောက်လေ့လာဖတ်ရှု၍ ပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံခေါင်းဆောင်များဖြစ်လာမည့် သားကောင်းရတနာ ကျောင်းသား၊ကျောင်းသူ၊လူငယ်လေးများသည် နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးပြီး ဗလငါးတန်နှင့်ပြည့်စုံကာ ဘက်စုံထူးချွန်သော လူတော်လူကောင်းများ ဖြစ်လာဖို့ အသိပညာ အတတ်ပညာများကို လေ့လာဆည်းပူးကြရမည်ပါကြောင်း စသည်ဖြင့် အကျယ် တဝင့် ရှင်းလင်းဟော‌ပြောသည်။


ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ပါ အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာ စောင်များကို စိတ်ပါဝင်စားစွာဖြင့် ငှားရမ်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)