ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား ဂါဝရပြုပူဇော်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား ဂါဝရပြုပူဇော်ထောက်ပံ့




MNP ၊  အောက်တိုဘာ ၂

“သက်ကြီးသူများဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်း ဖြည့်ဆည်းကြပါစို့” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီက အံတော်ရှင် တောင်တန်းသာသနာပြု ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကာ ပြည်နယ်အတွင်းရှိ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် ဘိုးဘွားများ ဖြတ်သန်းကြုံတွေ့လာခဲ့ရသည့် အတွေ့အကြုံပညာရပ်နှင့် ဗဟုသုတများသည် တန်ဖိုးမဖြတ်နိုင်သဖြင့် အနာဂါတ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်နှင့် ထိုအတွေ့အကြုံ၊ ပညာရပ်များကိုအသုံးချနိုင်ရန် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရမှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် သက်ကြီးဘိုး/ဘွားများ၏ ဘဝလုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော်တည်ဆောက်ရေး ဖြစ်စဉ်များတွင် ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် အခွင့်အလမ်းများကို ဖန်တီးဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် လူမှုကူညီရေးအသင်း အဖွဲ့များက  ပူဇော်ကန်တော့ခံ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၅၀ ဦးတို့ အတွက် ပြည်နယ်အစိုးရဖွဲ့မှ တစ်ဦးလျှင် လှူဒါန်းငွေကျပ် ၄၀၀၀၀ စီနှင့် ငွေကျပ် ၆၀၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့်ဆေးဝါးများ စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် (၅၀)သိန်းကို လည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ဘိုးဘွားတစ်ဦးလျှင် လှူဒါန်းငွေကျပ် ၅၀၀၀၀ ကိုလည်းကောင်း ဘိုးဘွားများထံ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်း ပေးခဲ့သည်။


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့အခမ်းအနား တက်ရောက်လာကြသည့် ဘိုးဘွား ၅၀ ဦးအပြင် အခမ်းအနား တက်ရောက်လာနိုင်ခြင်းမရှိသည့် ပြည်နယ်အတွင်းမှ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၁၄၉ ဦး စုစုပေါင်း ၁၉၉ ဦးအား  ထောက်ပံ့လှူဒါန်းပေးအပ် ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက်မှ အသက်အကြီးဆုံး အဘိုးနှင့်အဘွား (၂) ဦးအတွက် တစ်ဦးလျှင် လှူဒါန်းငွေကျပ် (၂) သိန်း၊ အလားတူ ဒုတိယအသက်ကြီးဆုံးဖြစ်သည့် အဘိုးနှင့်အဘွား(၂) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁)သိန်းခွဲစီ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)