MNP ၊ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းသည် ယနေ့နံနက်၁၀နာရီက ဘူးရေမျက်ကျေးရွာသို့သွားရောက်ပြီး ဘူးရေမျက်ကျေးရွာ သိရိမင်္ဂလာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအတွက်ဆွေးနွေးခဲ့ကြသည်။
ထို့သို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊အုပ်ချုပ်ရေး၊ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊စည်းရုံးရေး စသည့် လိုအပ်ချက်များကိုတင်ပြ ဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် စစ်ကြောင်းတွင် ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးလက်နေ ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာဌာန ဆိုင်ရာများကဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် စစ်ကြောင်းတွင် ပါဝင်သော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းက ဒေသခံပြည်သူများအား မှုခင်းကျဆင်းရေးနှင့်လမ်းစည်းကမ်း၊ယာဥ်စည်းကမ်း အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment