MNP ၊ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ဆင်များရှင် ဆုတောင်းပြည့် စေတီတော်၌ ၁၃၈၅ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးတစ်ထောင် ပူဇော်နိုင်ရန် “မင်္ဂလာသံလွင်” ကုမ္ပဏီ(မိသားစု)မှ ယနေ့နံနက် ၁၀ နာရီက အလှူတော်ငွေ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ ဆီမီးတစ်ထောင် ပူဇော်နိုင်ရန် အလှူတော်ငွေ ဆက်ကပ်လှူဒါန်းခြင်းတွင် ဆင်များရှင် ဆုတောင်းပြည့် စေတီတော် တပ်ဦးတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဆန္ဒိမာထံ “မင်္ဂလာသံလွင်” ကုမ္ပဏီလီမိတက်(မိသားစု)မှ အလှူတော်ငွေကျပ် သုံးသိန်းကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓပူဇနိယ ဆီမီးတစ်ထောင် ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment