ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၉၉၉၉ ဆူ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၉၉၉၉ ဆူ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းအခမ်းအနားကျင်းပ





MNP ၊ အောက်တိုဘာ ၇

ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၉၉၉၉ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့်ဇနီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။


ဦးစွာ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၉၉၉၉ ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။


ဆက်လက်၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယကအဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။


ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ လှူဒါန်းခြင်းနှင့်ပတ်သက်၍ မုဒိတာပွားနိုင်စေရန်အတွက် အလှူရှင်စာရင်းကို ဖတ်ကြားကြေညာပြီး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ ပင်တိုင်အလှူရှင် ဦးမျိုးအောင်က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)