ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် အလယ်တန်းအဆင့် ပုံပြောပြိုင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် အလယ်တန်းအဆင့် ပုံပြောပြိုင်ကျင်းပ



MNP ၊ အောက်တိုဘာ   ၁၂

မန္တလေးတိုင်းဒေသကြီး၊  ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား/ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများသိရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ဆိုးကျိုးများကို ပညာပေးရှင်းလင်းပြောကြားပြီး ကျောင်းသား၊ကျောင်းသူလူငယ်များအား မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးများအား ဉာဏ်စမ်းမေးဖြေဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး ကျောင်းသား၊ကျောင်းသူအား ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ် စာစောင်များပြသရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဇော်ဝင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)