MNP ၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ခဲ့ရသည်။
ယင်းသို့ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးခဲ့ရာတွင် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှစတင်ပြီး ရေများလျော့နည်းကျဆင်းခဲ့သည့်အတွက် အောက်တိုဘာ (၁၁) ရက် နံနက်ပိုင်းတွင် ယာယီကယ်ဆယ်ရေးစခန်း (၃) ခုတွင် ယာယီနေထိုင်သည့် အိမ်ထောင်စု (၂၂၈) စုမှ လူဦးရေ (၉၅၆) ဦးတို့မှ ၎င်းတို့၏နေအိမ်များတွင် နေထိုင်ရန်ပြန်လည် ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment