MNP ၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၁)အမှတ် (၁၇) ပါဆောင်းပါးရှင်မိုးသက်နှင်း၏ စာတတ်မြောက်ခြင်းနှင့်နိုင် ငံဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဥ်ဖြင့်စာဖတ် ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံ နက် အချိန်က ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအ ရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူကျောင်း သားကျောင်းသူလူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများဘက် စုံဖွံ့ ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်း၊ပြောကြားခဲ့သည်။
ဆက်လက်ပြီးဦးစီးအရာရှိ ဦးစန်းဝင်းက စာစာဖတ်ခြင်းဖြင့်ရရှိနိုင်သည့်အ ကျိုးကျေးဇူးအကြောင်းအရာများကဗျာဆရာသန်းကြွယ်(အမ္ဗမြေ)ဒုတိ ယဦးစီးမှူး ဒေါ်ခင်မျိုးတင်၊စာကြည့်တိုက်မှူးဒေါ်ဌေးဌေးဝင်းနှင့်စာပေမြတ်နိုးသူကျောင်းသားကျောင်းသူလူငယ်များက ဆောင်းပါးရှင်မိုးသက်နှင်း၏ စာတတ်မြောက်ခြင်းနှင့်နိုင်ငံဖွံ့ဖြိုးတိုး တက်မှု ေဆာင်းပါးအားဖတ်ရှုစေပြီးဆောင်းပါးပါအကြောင်းအရာများအားဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ထိုနောက် စာပေမြတ်နိုးသူ မောင်မင်း နိုင်၊မောင်ဝေဠုကျော်၊ မတင်တင်မိုးနှင့်မမြတ်ဆုမေ၊ မထက်ထက်ဝေတို့က စာ တတ်မြောက်ခြင်းနှင့်နိုင်ငံဖွံ့ဖြိုးတိုး တက်မှု ဆောင်းပါးမှ သိရှိလိုသည်များနှင့်အခြားသိရှိလိုသည်များအား ဖတ်ကြားမေးမြန်းကြရာ ဦးစီးအရာရှိ ၊စာပေပညာရှင်နှင့် ဝန်ထမ်းများမှအသီးသီးဖြေ ကြားရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment