အမ်းမြို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောအားက စားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဘော်လီဘောအားက စားအသင်း လေ့ကျင့်သင်ကြားလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောအားက စားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဘော်လီဘောအားက စားအသင်း လေ့ကျင့်သင်ကြားလျှက်ရှိ







MNP ၊ အောက်တိုဘာ   ၁၂

   ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန မြို့မမိုးလုံလေလုံအားကစားခန်းမတွင်  ဘော်လီ ဘောအားကစားအသင်း အောင် မြင်မှုရရှိစေရန် လေ့ကျင့်သင် ကြား ပေးလျှက်ရှိကြောင်းသိရသည်။


   ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောအားက စားပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆို ပါပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းပါဝင်ယှဉ်ပြိုင်ရန်အတွက် အဆိုပါဘော်လီဘောအားကစားအသင်းအား အရာထမ်း/အမှု ထမ်းများ အုပ်ချုပ်သူနည်းပြ(၅) ဦးမှ ဦးဆောင်၍ ဘော်လီဘောအားကစားသမား (၂၄)ဦးအား

ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် လေ့ကျင့်သင်ကြားပေးလျှက်ရှိသည်။


   ထိုသို့ရခိုင်ပြည်နယ်အသင်း ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဘော် လီဘောအားကစားအသင်း လေ့ ကျင့်သင်ကြားနေမှုအား ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြပြီး ထောက်ပံ့ငွေနှင့် အားဖြည့်အချိုရည်၊ခေါက်ဆွဲထုတ်၊ ရေသန့်ဗူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)