အစ္စရေးနိုင်ငံအတွင်းသို့ အကြမ်းဖက်သမား ၁၀၀၀ ခန့် စိမ့်ဝင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးနိုင်ငံအတွင်းသို့ အကြမ်းဖက်သမား ၁၀၀၀ ခန့် စိမ့်ဝင်


တယ်လ်အဗွီ၊ အောက်တိုဘာ ၈

အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြှောင်နယ်စပ်ရှိ ခြံစည်းရိုးအပေါက် ၈၀ ခန့်မှတစ်ဆင့် အကြမ်းဖက်သမား ၈၀၀ မှ ၁၀၀၀ ခန့်သည် အစ္စရေးပိုင်နက်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မြို့ပေါင်း ၂၀ နှင့် စစ်အခြေစိုက်စခန်း ၁၁ ခုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ခန့်မှန်းချက်ကို ကိုးကား၍ Kan Radio က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်နယ်စပ်အနီး အစ္စရေးတောင်ပိုင်းရှိ နေရာခြောက်ခုတွင် အကြမ်းဖက်သမားများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေဆဲဖြစ်ကြောင်း Times of Israel က ဖော်ပြသည်။

အောက်တိုဘာ ၇ ရက်အစောပိုင်းတွင် ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စစ်သွေးကြွအုပ်စုများသည် အစ္စရေးစစ်တပ်နှင့် တိုက်ခိုက်ရန် ဝင်ရောက်လာကာ အစ္စရေးကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။ သိပ်မကြာခင်မှာပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပါလက်စတိုင်းနယ်မြေကလာတဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ သံမဏိဓားများ စစ်ဆင်ရေးကို ကြေညာခဲ့သည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant သည် အရန်တပ်များခေါ်ယူခဲ့ပြီး နိုင်ငံတစ်ဝှမ်း အထူးလုံခြုံရေးအခြေအနေ ကို ကြေညာခဲ့သည်။


 Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)