စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၃) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၃) ဖွင့်လှစ်


MNP ၊ အောက်တိုဘာ  ၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အခြေခံကွန်ပျူတာသင်တန်း(၂/ ၂၀၃) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၃)ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများကို ဦးစားပေး၍ သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်း၊ အခြေခံ ကွန်ပျူတာပညာရပ်တွေကို ဝန်ထမ်းများ ကျွမ်းကျင်စွာ တက်မြောက်ထားမှသာလျှင် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် အခမဲ့သင်ကြားပေးသော်လည်း တန်ဖိုးရှိစွာ လေ့လာသင်ကြားသွားကြပါ သင်တန်းမှ ချမှတ်ပေးတဲ့ စည်းကမ်းများကိုလည်း လိုက်နာသွားကြပါ၊ ရရှိသွားမဲ့ပညာရပ်တွေကိုလည်း မိမိအတွက်၊ မိမိဌာနအတွက်၊ မိမိတို့ နိုင်ငံတော်ကြီးအတွက် ဆက်လက်လေ့လာဆည်းပူးသွားကြပါလို့ ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို အောက်တိုဘာ(၉)ရက်နေ့မှ နိုဝင်ဘာ(၁၀)ရက်နေ့အထိ (တစ်လ)ကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက် သင်ကြားခဲ့ကြကြောင်းသိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)