စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ကြာဖက်များ အခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ကြာဖက်များ အခမဲ့ဖြန့်ဝေ



MNP ၊ အောက်တိုဘာ  ၉

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားရှိမှုကို ပြည်သူများ ပလတ်စတစ်အိတ်  ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ ကြာဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့်  ကြာဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။


အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး  ဦးကြည်လင်နှင့် တပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ မြို့မစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် အသားတန်းနှင့် အသီးအရွက် ငါးရောင်းချသည့် စျေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ အပတ်စဥ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ်သတ်မှတ်ထားရှိရာ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ စျေးရောင်းချထုပ်ပိုးရာတွင် ပလတ်စတစ်အစား မြို့နယ်မှထွက်ရှိသည့် (ကြာဖက်)နှင့် ငှက်ပျောဖက်များနှင့် အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချခြင်းများအား စစ်ဆေးခဲ့ပြီး  ပလတ်စတစ်အိတ်များ အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများရှိစေနိုင်၍ မသုံးစွဲကြရန် ဟောပြောခြင်းများ ပြုလုပ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စျေးအတွင်း ကြာဖက်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရှိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)