မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး(Campaign)ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး(Campaign)ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်




အထက်မင်းလှ    အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ကာကွယ်ရန်နှင့်ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့်စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေး(Campaign)ကို အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မင်းလှမြို့ဇေယျာသီရိဈေးတွင် ဈေးရောင်း၊ စျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှု မရှိသည့်အတွက် ကမ္ဘာ့ရေထုမြေထုအား ညစ်ညမ်း‌စေခြင်း၊ သက်ရှိ သတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ် စသည့်ထုတ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်၊ အင်ဖက်များ ဖြန့်ဝေပေးခဲ့သည်။


အဆိုပါပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေး(Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု‌ဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 ဇာဇာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)