ပြင်ဦးလွင်မြို့နယ် စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ အောက်တိုဘာ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စံနန်းထက်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့်တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာကိုရွှေအောင်သင်း၊ ပြင်ဦးလွင်မြို့နယ်သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌဒေါ်အေဇင်မေ၊ စံနန်းထက် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ချုပ်သူ ဒေါက်တာနေဇော်ဦးနှင့် တာဝန်ခံဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုံလင်စွာတက်ရောက်သည်။


ရှေးဦးစွာ စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ချုပ်သူ ဒေါက်တာနေဇော်ဦးက အဖွင့်အမှာစကားပြောကြား၍ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။


ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးက ဗလငါးတန်အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကိုပိုင်စိုးမည့်သူများ  ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးပြီး ပြန်လည်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။ 


ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ် လက်ဆောင်များပေးအပ်ရာ ဆရာမတစ်ဦးကလက်ခံရယူသည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


ဖြူလူသစ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)