ဟင်္သာတမြို့နယ်၌ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့် လက်တွေ့ကွင်းဆင်းကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့် လက်တွေ့ကွင်းဆင်းကောက်ယူ


MNP ၊ အောက်တိုဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။


အိမ်ထောင်စုအလိုက် မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များနှင့် ကျေးရွာအတွင်းရှိ စီးပွားဖြစ် မွေးမြူထားသော တိရစ္ဆာန်များကို စာရင်းကောက်ခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းအား ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်သူမျိုးမှ ကြီးကြပ်၍ ဟင်္သာတမြို့နယ်ဦးစီးမှူး ဒေါက်တာ ယုနန္ဒာအောင်​မှ လူတွေ့မေးမြန်းခြင်းဆိုင်ရာ မေးခွန်းလွှာနှင့် ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းခြင်း၊ CommCare App ရေးသွင်းခြင်းတို့အား ရှင်းလင်းပြသ၍ ဟင်္သာတမြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်း ၆ ဦး၊ စာရင်းကောက်သင်တန်းသား ၇၅ ဦးအား နံနက်ပိုင်းတွင် သင်တန်းပို့ချပေးခဲ့သည်။


နေ့လယ်ပိုင်းတွင် အဆိုပါ သင်တန်းသားများနှင့်အတူ မြို့နယ်ဦးစီးမှူး ဒေါက်တာ ယုနန္ဒာအောင် ဦးဆောင်၍ ဟင်္သာတမြို့နယ် ကုန်းကြီးအုပ်စု ကျုံဖားကျေးရွာသို့ ကွင်းဆင်း၍ အိမ်ထောင် စု ၁၄၉ စုတို့တွင် မွေးမြူထားသည့် တိရစ္ဆာန်ကောင်ရေ စာရင်းများ လက်တွေ့ကွင်းဆင်း ကောက်ယူခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)