MNP ၊ အောက်တိုဘာ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ၂၀၂၃ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက စတင် ကောက်ယူလျက်ရှိကြောင်း သိရသည်။
၂၀၂၃ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခြင်းသည် မြေပြင်အိမ်ထောင်စုနှင့် လူဦးရေစာရင်း မှန်ကန်စွာရရှိနိုင်ရေးအတွက် ရည်ရွယ်၍ စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများကို အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်နေ့ထိ အမှတ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)ခုတို့၌ တာဝန်ရှိ Working Group အဖွဲ့က ကွင်းဆင်းဆောင်ရွက်ကြကြောင်းသိရသည်။
အဆိုပါ ၂၀၂၃ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်သန်းနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်သန်းတို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ညိုညိုဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment