MNP ၊ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်တွင် သံတွဲမြို့ အမှတ်(၇)ရပ်ကွက် ရှိ ခရိုင်ပြည်သူ့ဆေးရုံခြံဝန်းအတွင်း ၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော်သားများ စုပေါင်း၍ ခရိုင်ပြည်သူ့ဆေးရုံခြံဝန်းအတွင်းရှိ မြက်များ၊ ခြုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းများကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေး ကားဖြင့် စနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင် ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ကလှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။
သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment