တောင်ကုတ်မြို့၌ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝန်းကျင်သန့်ရှင်းရေးစုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝန်းကျင်သန့်ရှင်းရေးစုပေါင်းဆောင်ရွက်







MNP ၊ အောက်တိုဘာ    ၁၄

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လမ်းအထူးအဖွဲ့(၁၈)မှတာ၀န်ရှိသူများ၊ တောင်ကုတ်တပ်နယ်မှ အရာရှိ နှင့် စစ်သည် များ၊စုပေါင်း၍ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် စုပေါင်း‌ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊လမ်းအထူးအဖွဲ့(၁၈)မှ၀န်ထမ်းများ၊ တောင်ကုတ် တပ်နယ်မှအရာရှိနှင့်စစ်သည်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကစုပေါင်း၍ ကုတင်

(၁၀၀) ပြည်သူ့ဆေးရုံခြံဝန်း အတွင်းရှိခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း များကို   လူအား၊စက်ယန္တယား အားများဖြင့်စုပေါင်းဆောင်ရွက် ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ အမှတ်(၅)၊စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှစစ်ဦးစီး(ပထမတန်း)ဒုတိယဗိုလ်မှူးကြီးအောင်ဇော်လင်း၊ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်နှင့်အဖွဲ့၀င်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)