ရွှေတောင်မြို့၊ အထက ရွှေတောင်ကျောင်း၌ စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့၊ အထက ရွှေတောင်ကျောင်း၌ စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်






MNP ၊ အောက်တိုဘာ    ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်း မြို့အင်္ဂါရပ်နှင့်အညီ ကျောင်းပတ်ဝန်းကျင်

သန့်ရှင်းသာယာလှပရေးအတွက် ကြာနီကန် ရပ်ကွက် ၊ အထက ( ရွှေတောင်) ကျောင်းဝန်းအတွင်းတွင်ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး လှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊( သရက်တော၊ကြာနီကန်၊ယွန်းတန်း၊)ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များစုစုပေါင်းအင်အား (၄၆၅) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး ပေါင်းမြက်များ၊ ချုံနွယ်များနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းကြပြီး ထွက်ရှိလာသာ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဥ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)