ဖြူးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၁၂၇၃)ဦးအား (၃)လစာလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၁၂၇၃)ဦးအား (၃)လစာလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်


MNP ၊ အောက်တိုဘာ   ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လလျှင်တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ထန်းကုန်းရပ်ကွက်ရှိ အဘိုး၊ အဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖြူးမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လစာအတွက် (၃၀၀၀၀)ကျပ်ကို ဖြူးမြို့နယ်အတွင်း အဘိုး၊ အဘွားစုစုပေါင်း(၁၂၇၃)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ(၃၈၁၉၀၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)