မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယမန်နေ့က လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ဟောပြောပွဲတွင် မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဖြိုးမောင်မောင် က လူငယ်များသည် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်း နိုင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းနိုင်ရွက်လာကြမည်ဖြစ်၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံကြစေရန်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုး၍ တန်းဖိုးထားတတ်သော လူငယ်၊ လူရွယ်များဖြစ်လာစေရန်၊ နိုင်ငံတော်မှလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာ နှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးနေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ ဘက်စုံ ထူးချွန်ဖွံ့ဖြိုး တိုးတက်ပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာ က ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှုသည့်အလေ့အကျင့် ကောင်းများ ရရှိစေရန်နှင့်စာဖတ်ရှုသည့် အကျိုးကျေးဇူးများ၊ social media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတ ရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)