အန်ကာရာ၊ အောက်တိုဘာ ၁
အန်ကာရာမြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အအုံအနီးတွင် အကြမ်းဖက်သမားနှစ်ဦးက အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း၊ တိုက်ခိုက်သူများထဲမှ တစ်ဦးသည် အသေခံ ဗုံးခွဲခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန Ali Yerlikaya က သတင်းထုတ်ပြန်ခဲ့သည်။
“မနက် ၉ နာရီ ၃၀ လောက်မှာ အပေါ့စားယာဉ်တစ်စီးနဲ့ ရောက်ရှိလာတဲ့ အကြမ်းဖက်သမားနှစ်ဦးက ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေလုံခြုံရေး ညွှန်ကြားမှုဦးစီးဌာန ဂိတ်ပေါက်ကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖောက်ခွဲခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်” ဟု Yerlikaya က ၎င်း၏ X ဆိုရှယ်မီဒီယာပလပ်ဖောင်း စာမျက်နှာတွင် ရေးသားခဲ့သည်။
TRT ရုပ်သံလိုင်း၏ အဆိုအရ အကြမ်းဖက်သမားများသည် ဝန်ကြီးဌာန အဆောက်အအုံ အဝင်ပေါက်အထိ မောင်းနှင်လာပြီး ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဝန်ကြီးဌာန၏ လုံခြုံရေးအစောင့်များက တိုက်ခိုက်သူများကို ပစ်ခတ်ခဲ့သည်။ အကြမ်းဖက်သမား တစ်ဦးသည် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အအုံမှ အနည်းဆုံး မီတာ ၅၀၀ အတွင်း လမ်းအားလုံးကို ပိတ်ဆို့ထားသည်။ ဗုံးကျွမ်းကျင်ပညာရှင်များနှင့် ရဲအရာရှိများသည် စစ်ဆေးရေး လုပ်ဆောင်နေကြသည်။ အနီးဝန်းကျင်ကိုလည်း ရဲတပ်ဖွဲများ ဖြန့်ကျက်ချထားခဲ့သည်။ အန်ကာရာ အစိုးရရှေ့နေချုပ်ရုံးက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။
မလှမ်းမကမ်းရှိ တူရကီပါလီမန်အဆောက်အအုံကို ပြန်လည်စတင်သည့်နေ့တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မော်စကိုစံတော်ချိန် နေ့လည် ၂း၀၀ နာရီတွင် တူရကီ သမ္မတ အာဒိုဂန် သည် ထိုနေရာတွင် စကားပြောဆိုမည်ဟု မျှော်လင့်ရသည်။
Ref - TASS
https://t.me/MyanmarNationalPost
No comments:
Post a Comment