MNP ၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မုန့်မျိုးစုံ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခြင်းဖြင့် မိသားစုအတွက် ဝင်ငွေရရှိကြောင်း သိရသည်။
“ကျမတို့မိသားစုက မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ ကုလားပဲခွေ၊ ကုလာပဲချောင်း၊ အာလူးကြော်၊ ငါးမုံကြော်၊ ဆန်ခွေကြော်၊ မက်မန်းသီးထုတ်၊ ဆီးယိုထုတ်၊ စတဲ့ မုန့်မျိုးစုံလုပ်ပါတယ်။ ကုန်ကြမ်းပစ္စည်း၊ ဆီဖိုး၊ ထင်းဖိုးနဲ့ လုပ်အားခနုတ်ရင် တစ်ရက် မိသားစုအတွက် ငွေကျပ် ၂၀၀၀၀ လောက်ဝင်ငွေရပါတယ်” ဟု မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးက ပြောပြသည်။
အဆိုပါ မုန့်များကို ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဈေးဆိုင်များသို့ သွားရောက် ပို့ဆောင်ရောင်းချကြောင်း၊ ဒေသခံပြည်သူများလည်း အလုပ်အကိုင်အခွင့်လမ်းရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost


No comments:
Post a Comment