ဘုတလင်မြို့နယ်တွင် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာနှင့် အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး အသိပညာပေး ဆွေးနွေးပွဲနှင့် ယူရီးယား မြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘုတလင်မြို့နယ်တွင် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာနှင့် အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး အသိပညာပေး ဆွေးနွေးပွဲနှင့် ယူရီးယား မြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနား ကျင်းပ



MNP ၊ အောက်တိုဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေ ဦးဆောင်သောဝန်ထမ်းများက ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာနှင့် အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး အသိပညာပေး ဆွေးနွေးပွဲနှင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘုတလင်မြို့နယ်ရှိ OSS ရုံး ခန်းမတွင်  ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဘုတလင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေက သီးနှံစိုက်ခင်းများအား ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာများနှင့် အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း မထိခိုက်စေရေးအတွက် ဆောင်ရွက်ရမည့် နည်းပညာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တောင်သူများက စိတ်ပါဝင်စားစွာဖြင့် ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲကို ဘုတလင်မြို့နယ်အတွင်းရှိ စိုက်ပျိုးသူ တောင်သူများ သီးနှံစိုက်ခင်းများ အထွက်နှုန်း ကောင်းမွန်စွာ ရရှိစေရေးနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းကို အသုံးပြု၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေး ဖြစ်ပေါ်လာစေရန်နှင့် အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများ သိရှိပြီး သီးနှံစိုက်ခင်းများ စနစ်တကျ စိုက်ပျိုးဆောင်ရွက်ကာ သီးနှံအထွက်နှုန်း ပိုမိုရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။


အဆိုပါ အခမ်းအနားသို့ ကျေးရွာပေါင်း (၇)ရွာမှ တောင်သူပေါင်း (၁၆၀)ဦး တက်ရောက်ခဲ့ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကယူရီးယားဓါတ်မြေဩဇာများကို နိုင်ငံတော်မှ သတ်မှတ်သော ဈေးနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ တောင်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)