ရ‌သေ့တောင်မြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရ‌သေ့တောင်မြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ





MNP ၊ အောက်တိုဘာ  ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရ‌သေ့တောင်မြို့၌  ဒေသခံပြည်သူများအား  စားသုံးဆီများကို  ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  ယမန်နေ့ ညနေပိုင်းအချိန်က  စားသုံးဆီများကို သက်သာသော  ဈေးနှုန်းများဖြင့် လာရောက် ရောင်းချပေးခဲ့သည်။


ထိုသို့  စားသုံးဆီများအား သက်သာသော  ဈေးနှုန်းဖြင့်  လာရောက်ရောင်းချရာတွင်  ရ‌ သေ့တောင်မြို့နယ်  စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ  ဦးသန်းဝင်း ဦးဆောင်၍  ရခိုင်ပြည်နယ်  ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ်  ဦးထွန်းမြ ဦးဆောင်သောအဖွဲ့က  စားသုံးဆီများကို  ကာလပေါက်ဈေးထက်  သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ်  ၅၂၀၀/-နှုန်းဖြင့်  လူတစ်ဦးလျှင်  တစ်ပိဿာနှုန်းနှင့်  ရ‌သေ့တောင်မြို့ နယ်‌ေတာင်လှ‌ မော်ကျေးရွာတွင်ဆီ(၅၅၀)ပိဿာကို  ဒေသခံပြည်သူများထံသို့ လာရောက် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။   


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)