MNP ၊ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကို ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာစာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာနွယ်နွယ်အေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာဖတ်ကြားခြင်း၊ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) (ငြိမ်း) ဒေါက်တာကြည်ကြည်ဦးက “လက်နှောင်းဆရာ၊ အာစရိယဂုဏာ” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းက ဂုဏ်ပြုလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)ဆရာ၊ ဆရာမများ၊ ဘာသာရပ်ခွဲအသီးသီးမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment