MNP ၊ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အထက(ငပုတော)၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်" လမ်းပြကြယ်ပမာ,မြတ်ဆရာ" သီချင်းဖြင့်ဂါရဝ ပြုပူဇော်ကတော့၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ဖတ်ကြားပြီး ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သောသဝဏ်လွှာအား(ခေတ္တ) မြို့နယ်ပညာရေးမှူးဦး မောင်မောင်စိုးက ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအားဆုများ အသီးသီးပေးအပ် ချီမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားတွင်ပူဇော်ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စားဆရာမကြီး ဒေါ်ကြည်ကြည်မြင့်က ဆုံးမဩဝါဒများမိန့်ကြားပြီး အသက်(၆၅) နှစ်နှင့်အထက်ဆရာကြီး/ ဆရာမကြီးများအား ပူဇော်ကန့်တော့ခြင်းနှင့်ကန့်တော့ လက်ဆောင်ပေးအပ်၍ အထိမ်းအမှတ်၊ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment