စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၂၀၀၀ အောက် ပြန်လည်ကျဆင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၂၀၀၀ အောက် ပြန်လည်ကျဆင်း



MNP ၊ အောက်တိုဘာ ၆

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ က နေ့စဉ် စက်သုံးဆီ လက်ကားဈေးနှုန်းများကို ထုတ်ပြန်လျက်ရှိရာ ယနေ့နံနက် ထုတ်ပြန်ချက်အရ ရန်ကုန်မြို့တွင် 92Ron တစ်လီတာ (၁၈၄၄)ကျပ်၊ မန္တလေးတွင် (၁၉၁၄)ကျပ် နှုန်း၊ 95Ron ရန်ကုန်တွင် (၁၉၄၀)ကျပ်နှင့် မန္တလေးတွင်(၂၀၁၂)ကျပ်နှုန်း အထိ ကျဆင်းသွားခဲ့သည်။

အောက်တိုဘာလ (၁)ရက်နေ့အထိ စက်သုံးဆီလက်ကားဈေးနှုန်းများ ထုတ်ပြန်ချက်များအရ ရန်ကုန်မြို့တွင် 92Ron(၂၀၁၅)ကျပ်၊ မန္တလေးမြို့တွင် (၂၀၈၉) ကျပ်အထိ ရှိခဲ့ပြီး အောက်တိုဘာလ ပထမအပတ်အတွင်းမှာပင် စက်သုံးဆီဈေးနှုန်းများ လျော့ကျလာခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)