(၁၂) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ် သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး အွန်လိုင်းဖြင့် တက်ရောက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၂) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ် သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး အွန်လိုင်းဖြင့် တက်ရောက်ဆွေးနွေး


MNP ၊ အောက်တိုဘာ ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားလွှတ်တော်ချုပ်မှ ကြီးမှူး၍ (၁၂) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ် (The 12th International Legal Forum of the Asia-Pacific Region)ကို ယမန်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်တက်ရောက်သည်။

ဖိုရမ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက တက်ရောက်လာကြသည့် အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများမှ တရားသူကြီးချုပ်များ၊ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့်အတူ အဖွင့်အမှာစကား ပြောကြားသည်။

နိုင်ငံတကာဥပဒေဖိုရမ်ကို နိုင်ငံဖြတ်ကျော်ဥပဒေရေးရာဆက်သွယ်မှုများနှင့် အမျိုးသားတရားမျှတမှုနှင့် လူမှုဘဝဖူလုံသည့် နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများအကာအကွယ်ပေးခြင်းနှင့် တရားရေးလက်တွေ့ ကျင့်သုံးမှုတွင် အကျိုးစီးပွားများကိုချိန်ညှိခြင်း စသည့် အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပခြင်းဖြစ်သည်။

ဒုတိယပိုင်းအစီအစဉ်တွင် “မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် တရားစီရင်ရေး၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးသောင်းနိုင်က ပါဝင်ဆွေးနွေးရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ၏ စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများ တိုးတက်ဖွံ့ဖြိုးစေရန် ဥပဒေမူဘောင်များ၌ အဓိကထားရှိသည့် တန်ဖိုးများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ တွင် နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကိုပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရမည်ဟူ၍ အာမခံချက်ပေးထားကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာကုမ္ပဏီဥပဒေ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေ စသည့်ဥပဒေများ အပါအဝင်အခြား ဆက်စပ်သော ဥပဒေများလည်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင်လူမှုဖူလုံရေးဥပဒေ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကဲ့သို့ လူမှုဘဝဖူလုံရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများလည်းရှိကြောင်း၊ တရားစီရင်ရေးအနေဖြင့် ပိုမိုကောင်းမွန်သည့် စီးပွားရေး ဝန်းကျင် ဖန်တီးပေးရာတွင် အဓိကအခန်းမှ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ထိရောက်မှုရှိသည့် တရားစီရင်ရေးစနစ်မှာ မဖြစ်မနေလိုအပ်ကြောင်း၊ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ဒေသအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် လိုက်လျောညီထွေရှိသော တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ‘တရားမျှတမှုရရှိစေရေး အားလုံးပါဝင်ဆောင်ရွက်ပေး’ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ချမှတ်ထားရှိပြီး မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်များ အကောင်အထည်ဖော်ပြီး အမှုများမြန်ဆန် အောင်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေအရ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများနှင့်အတူ လုပ်ကိုင်ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ တရားစွဲဆိုခွင့်၊ တရားစွဲဆိုခံပိုင်ခွင့်များတွင် ထူးခြားသည့်ဥပဒေရေးရာ အခွင့်အရေးများပေးထားကြောင်း၊ မူဝါဒချမှတ်သူများ၊ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရာတွင် တရားစီရင်ရေးကဏ္ဍနှင့်အတူလက်တွဲပြီး လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသောင်းနိုင်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။       


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)