MNP ၊ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မီဒီယာတာဝန်ခံ ဦးအေးလွင်၊ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများ၊ မီဒီယာတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဗဟိုအလုပ်အမှုဆောင် မီဒီယာတာဝန်ခံ ဦးအေးလွင်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
၎င်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင် မီဒီယာတာဝန်ခံ ဦးအေးလွင်မှ Digital Media ကဏ္ဍ၏ အရေးပါပုံနှင့် ပြည်သူလူထုအတွင်း သတင်းစီးဆင်းမှု မြန်ဆန်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ သတင်းမှား ဖန်တီးရေးသားနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment