တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင်စိုက်/မွေးအကျဉ်းစခန်း(ထုံခါ)အား PDF အကြမ်းဖက်သမားများက အင်အား ၁၀၀ခန့်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင်စိုက်/မွေးအကျဉ်းစခန်း(ထုံခါ)အား PDF အကြမ်းဖက်သမားများက အင်အား ၁၀၀ခန့်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်


MNP ၊ အောက်တိုဘာ ၅

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါ‌ကျေးရွာရှိ ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှု အတတ်သင်စခန်း(ထုံခါ)အား  PDF အကြမ်းဖက်သောင်းကျန်းသူ အင်အား (၁၀၀)ဦးခန့်သည် အောက်တိုဘာ ၅ရက် (ယနေ့ ည ၉ ၃၀) ဝန်းကျင်းခန့်က လက်နက် ငယ်များ၊ ၄၀ မမ ဗုံးသီးများဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများမှ ပစ်ခတ်တိုက်ခိုက်လာသဖြင့် စခန်းတာဝန်ခံ ဦးစီး အရာရှိ နှင့်အဖွဲ့များမှလည်းကောင်း၊ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခြေမှုန်းခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်သမားများသည် ၁၀ ၃၀ အချိန်ခန့်တွင် ပစ်ခတ်မှုရပ်စဲခဲ့ပြီး ၁၁ ၀၀ အချိန်တွင် စခန်း၏ အရှေ့ဘက် ကော့ယွန်းကျေးရွာ ဘက်သို့  ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးချိန်တွင် တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ/မရှိ စစ်ဆေးရာ စခန်းတာဝန်ခံ ဦးစီးမှာ ယာဘက်ခါးစောင်းတွင် (၃)လက်မခန့် ၄၀ မမ ဗုံးစထိမှန် ပွန်းရှဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ ဒုတပ်ကြပ် စိုင်းလွှမ်းဖြိုးတွင် ဝဲဘက်ခါး နှင့်နောက်ကျောတွင် ၄၀ မမ ဗုံးစထိမှန် (ဝ.၅)လက်မခန့် ပေါက်ပြဲဒဏ်ရာ(၂)ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

စခန်းသို့ ၁၁ ၀၅ အချိန်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဓာတ်ပုံ - ပုံဟောင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)