မိုးညှင်းတက္ကသိုလ်၌ အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းတက္ကသိုလ်၌ အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့သည်။


ထိုသို့ ကျင်းပရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအား သင်ကြားရေးကိုသာမက လေ့ကျင့်ရေးကိုပါ ထူးချွန်ထက်မြက်လာစေရန်၊ အားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဂုဏ်သိက္ခာ အတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသော ယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာဖြင့် ကစားနိုင်စေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထိုပြိုင်ပွဲတွင် အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံအသီးသီးမှ အမျိုးသားအသင်း (၅)သင်း ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲ တွင် ပထဝီဝင်(က)အသင်းနှင့် ဒဿနိကဗေဒ (က)အသင်း တို့ ယှဉ်ပြိုင်ကစားကြပြီး ပထဝီဝင်အသင်းမှ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြ သည့် အသင်းများကို တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)