ပုဗ္ဗသီရိမြို့နယ်၌ EVMစက် အသုံးပြုမဲပေးပုံ နည်းစနစ်များ ရှင်းလင်းသရုပ်ပြပွဲ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၌ EVMစက် အသုံးပြုမဲပေးပုံ နည်းစနစ်များ ရှင်းလင်းသရုပ်ပြပွဲ ဆက်လက်ကျင်းပ





MNP ၊ အောက်တိုဘာ  ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (EVM)စက် အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသရုပ်ပြခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးညီညီလွင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(EVM)စက် အသုံးပြုခြင်းနှင့် ပတ်သက်သည့် အချက်များကို Power Pointဖြင့် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ပြည်သူများအား လက်တွေ့စမ်းသပ် သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်၊ အဖွဲ့ဝင် ဦးခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း ၁၇၄ ဦးခန့် တက်ရောက်ခဲ့သည်။


ဆက်လက်၍ မွန်းလွဲ၁ နာရီအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း ၁၇၅ ဦးတို့ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (EVM)စက် အသုံးပြုခြင်းနှင့်ပတ်သက်၍ စမ်းသပ်သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းသန်းနွယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)