ပူတာအို-မချမ်းဘော နယ်လုံးဆိုင်ရာ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအို-မချမ်းဘော နယ်လုံးဆိုင်ရာ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


MNP ၊ အောက်တိုဘာ    ၁၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပူတာအို-မချမ်းဘော နယ်လုံးဆိုင်ရာ ဗုဒ္ဓဒေသနာတော်ရွတ် ဆိုပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ(၁၅)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ တောင်တန်း သာသနာပြု(ဗဟို)ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပသည်။


အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပူတာအိုမြို့ မြို့နယ်သံဃာ့နာယကဉက္ကဋ္ဌ၊ ဟိုခိုကျောင်းတိုက်ဆရာတော် အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ဧည့်ပရိသတ်အပေါင်းတို့က မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပူတာအိုမြို့ တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်ထံမှ အဖွင့်ဩဝါဒကထာ နာယူကြည်ညိုကြသည်။


ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုဝတ်အသင်းမှ စတင်၍ ပထမဦးစွာ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပွဲတွင် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘောမြို့ နယ်များမှ ဝတ်အသင်းစုစုပေါင်း (၂၇)သင်းတို့က အောက်တိုဘာ(၁၅)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးမှူး ဦးဝင်းရွှေထံမှသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)