ရှမ်းပွဲတော်ကွင်းအတွက် မြေပေးမိန့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပွဲတော်ကွင်းအတွက် မြေပေးမိန့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ




MNP ၊ အောက်တိုဘာ    ၁၅

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ ဘာသာရေးပွဲတော်များနှင့် နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် ရှမ်းအမျိုးသားနေ့ ရိုးရာဓလေ့ထုံးတမ်းများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ရေးနှင့် တည်တည်တံတံမြေနေရာအဖြစ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုပွဲတော်ကွင်း တည်ရှိနိုင်ရေးအတွက်  ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က  မြေပေးမိန့်ပေးအပ်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ ရှမ်းတိုင်းရင်းသားများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအမှုဆောင်များနှင့် ဌာနဆိုင်ရာများက စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းအား ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် ဒေသတွင်း ရှိရှမ်းတိုင်းရင်းသားတို့ မြေနေရာမြေကွက်အတိအကျဖြင့် ရရှိနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက် ပေးခဲ့သော မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ကျပ် (၁၁၀)သိန်းနှင့် မူဆယ်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှ ကျပ်(၁၀)သိန်းတို့ မတည်လျက် ဌာနဆိုင်ရာများနှင့် ဒေသခံရှမ်းတိုင်းရင်းသားတို့ စုပေါင်းကာ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကွင်းမြေနေရာ အဆောက်အဦးအတွက် စုစုပေါင်းအလှူငွေ ကျပ်(၁၄၇၀)သိန်းကျော်နှင့် တရုတ်ယွမ်ငွေ (၁၄၀၀)ကျော် ရရှိပြီးဖြစ်သည်။ မြေနေရာအကျယ် (၂.၁၃၇)ဧကရှိပြီး ဒေသပေါက်ဈေး ကျပ်သိန်း(၁၀၀၀၀)ကျော်ရှိကြောင်း သိရသည်။ ယင်းရှမ်းပွဲတော်ကွင်းအတွက် မြေမိန့်ပေးအပ်ပွဲအခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက  မိမိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌအနေဖြင့် ဌာနဆိုင်ရာများနှင့် တတ်စွမ်းနိုင်သည့်ဖက်မှ ဒေသအကျိုး၊ တိုင်းရင်းသားလူမျိုးတို့အကျိုးကို အဓိကရှေးရှု၍ ဝိုင်းဝန်ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့ပြီး ရှမ်းပွဲတော်ကွင်း‌မြေ ရရှိရေးအတွက် အဖက်ဖက်မှ လှူဒါန်းပံ့ပိုးပေးကြသော ဒေသခံအလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။


ဆက်လက်ပြီး မူဆယ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ စိုင်းလောဝ်လိုင်းက ဒေသခံ ရှမ်းတိုင်းရင်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ရာ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြသော ခရိုင်အုပ်ချုပ်‌ရေးမှူးနှင့်တကွ ဌာနဆိုင်ရာများ၊ ဒေသခံရှမ်းတိုင်းရင်းသား အလှူရှင်များကို ယခုကဲ့သို့ ရှမ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော်များအတွက် မြေနေရာဦးပိုင်ရရှိခဲ့သောကြောင့် များစွာကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍လည်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ပြီး  ဒေသခံရှမ်းတိုင်းရင်းသားများနှင့် ဌာနဆိုင်ရာများ ရင်းရင်းနှီးနှီး မိတ်ဆုံနေ့လည်စာ တည့ခင်းစားသောက်ခဲ့ကြကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)