အလက်ပိုလေဆိပ် တိုက်ခိုက်မှုအတွက် အစ္စရေးကို ဆီးရီးယားက စွပ်စွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလက်ပိုလေဆိပ် တိုက်ခိုက်မှုအတွက် အစ္စရေးကို ဆီးရီးယားက စွပ်စွဲ


MNP ၊ အောက်တိုဘာ ၁၆

“နိုင်ငံတကာ ဥပဒေနဲ့ စံနှုန်းတွေကို မလေးစားတဲ့ နေတန်ရာဟု ရဲ့ အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အလက်ပို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရပ်တန့်စေခဲ့တယ်လို့ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

“စနေနေ့ ည ၁၁း၃၅ နာရီခန့်တွင် အစ္စရေးသည် အလက်ပိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်မှတ်ထား၍ မြေထဲပင်လယ်အနောက်ဘက်ရှိ လာတက်ကီယာဘက်သို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လေဆိပ်ကို ပျက်ဆီးစေခဲ့သည်။” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးထိန်းချုပ်ထားသော ဂိုလန်ကုန်းမြင့်သို့ ဆီးရီးယားမှ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် မကြာမီ တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အစ္စရေးတိုင်းမ်စ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဆီးရီးယားစစ်တပ်ကို ကိုးကား၍ SANA အေဂျင်စီက ကြာသပတေးနေ့တွင် အစ္စရေးက အလက်ပိုလေဆိပ်နှင့် ဆီးရီးယားမြို့တော် ဒမားစကပ် ရှိ လေဆိပ်များကို တစ်ပြိုင်နက်တည်း ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့သည်။ AFP ၏အဆိုအရ ဂျာမနီနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် Ron Prosor က ဒမားစကပ် လေဆိပ်ကို တိုက်ခိုက်ခြင်းသည် အီရန်ထံမှ လက်နက်များ ပို့ဆောင်ခြင်းကို ဟန့်တားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

အလက်ပိုနှင့် ဒမတ်စကတ်တို့တွင် တိုက်ခိုက်မှုများသည် အစ္စရေး-ဂါဇာ ပဋိပက္ခအကြောင်း ဆွေးနွေးရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆီးရီးယားသို့ မသွားရောက်မီ တစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်း၏ ထုတ်ပြန်ချက်တွင် ဆီးရီးယား ကာကွယ်ရေး တာဝန်ရှိသူများက ပါလက်စတိုင်း ပြည်သူများ အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားများအပေါ် ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် အစ္စရေးအား ရှုတ်ချခဲ့ပြီး၊ အထူးသဖြင့် ဆီးရီးယားသည် ဒေသတွင်း အကြမ်းဖက် အဖွဲ့အစည်းများကို အကြီးမားဆုံး ထောက်ခံသူအဖြစ် အစ္စရေးက ရှုမြင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 


Ref - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)