ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်


MNP ၊ အောက်တိုဘာ    ၁၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ် စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)က အဖွင့်အမှာစကား ပြောကြားပြီး မဂ္ဂဇင်းထုတ်ဝေရန်အတွက် စီစဉ်ဆောင်ရွက်နေမှုများအား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် -ညောင်လေးပင်)က ကဗျာ၊ မဂ္ဂဇင်း၊ ဝတ္ထုတိုများ ရေးသားပေးပို့နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။


၎င်းနောက် တက်ရောက်လာသော စာရေးဆရာအသင်းအဖွဲ့ဝင်များမှ အသီးသီး ဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ် စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် တတ်ရောက်လာကြ‌သော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ သိရှိလိုသည်များအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)