MNP ၊ အောက်တိုဘာ ၅
စစ်ကိုင်းမြို့တွင် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ရပ်ကွက်/ ဒေသခံပြည်သူများတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက နန်းဦးမြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ဒေသခံပြည်သူများ၏ လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များနှင့် နယ်မြေလုံခြုံရေး ကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ် ကြောင်း၊ ရပ်ကွက်ဒေသခံပြည်သူများအနေဖြင့် ပွင့်လင်းရိုးသားစွာ တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ ခရိုင်အဆင့် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမှာဖြစ်ပြီး တစ်ချို့သော လုပ်ငန်းစဉ်များကိုတော့ တိုင်းဒေသကြီးအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြော ကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ရပ်ကွက်ဒေသခံပြည်သူများက လိုအပ်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြဆွေးနွေးပေးကြရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment