MNP ၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က အ.ထ.က(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ကျောင်းသား/သူလေးများက မြတ်ဆရာသီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ခန္တီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဉီးဝင်းညွှန့်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသိရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာနှင့် UNESCO ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာအလုပ် သမားအဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ်၊ UNECIEF အမှုဆောင် ဒါရိုက်တာ၊ အထွေအထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာပညာရေး ဆိုင်ရာ ကမ္ဘာ့ဆရာများ နေ့တို့မှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး(တာဝန်ခံ)၊ ဒုတိယမြို့နယ် ပညာရေးမှူး ဉီးဆေးရာထန်က အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူလေးများအား ခရိုင်ပညာရေးမှူးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီးနောက် မြတ်ဆရာကန်တော့ပွဲအား ဆက်လက်ပြုလုပ်ရာ ကန်တော့ခံဆရာ/မ ကြီးများကို ကန်တော့ ချိုးဖြင့်ကန်တော့ခြင်း၊ ကန်တော့ဝတ်ပစ္စည်များ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ကန်တော့ခံဆရာ/မကြီးများထဲမှ ဆရာကြီးဉီးမျိုးမြင့်က ဆုံးမဩဝါဒစကားပြော ကြားသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/ သူလေးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment