ဘိုကလေးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆက်လက်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆက်လက်ပို့ချ


MNP ၊ အောက်တိုဘာ  ၅

အရန်မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် ပြည့်ဝစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်စဉ်(၁/၂၀၂၃) အရန်မီးသတ် တပ်ဖွဲ့ဝင် များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအား အောက်တိုဘာ(၂)ရက်နေ့မှ စတင်၍ဖွင့်လှစ်ပို့ချ လျက်ရှိပြီး သင်တန်းတွင် စစ်ရေးပြ၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ အား စာတွေ့၊ လက်တွေ့ ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။


သင်တန်းပို့ချရာတွင် ဘိုကလေးမြို့နယ်၊ အမှတ်(၄) ရပ်ကွက်အတွင်းရှိ မင်္ဂလာစံကျောင်း ကျောင်းတိုက်တွင် ပို့ချခြင်းဖြစ်ပြီး သင်တန်းသို့ ဘိုကလေးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အရန်မီးသတ်(၁၀၀)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းအား အောက်တိုဘာ (၂)ရက်နေ့မှ စတင်ကာ အောက်တိုဘာ(၂၇)ရက်နေ့အထိ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် ဒု-တပ်ရင်းမှူး ဦးထွန်းအောင်ကြည်တို့မှ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)