MNP ၊ အောက်တိုဘာ ၅
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကသွင်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး ဟူသော ဦးတည်ချက်နှင့်အညီ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် စကားပြော စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ( Community Centre) ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club )ဥက္ကဌ ဒွါရာဝတီမောင်ပု က စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်း စည်းကမ်း များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စကားပြောစွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းသား၊ကျောင်းသူ ၂၁ ဦးက ဆရာဟူသည်ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြ့ကြသည်။ ၎င်းနောက် သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ နာယက ဦးလှဟန်က ယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ သုံးသပ်ပြောကြားပြီး အကဲဖြတ်ဒိုင်များက ယှဉ်ပြိုင်မှုအားနည်းချက်၊ အားသာချက်ဆိုင်ရာများကို သုံးသပ်ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူလေးများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများကို လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်၊သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ နာယက ဦးလှဟန်၊ (Book Club )ဥက္ကဌ ဒွါရာဝတီမောင်ပုနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုများကိုအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ် နိုးသူများ အဖွဲ့ (Book Club )၊ Youth Club နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပေးခြင်းဖြစ်သည်။
သန့်ဇင်
https://t.me/MyanmarNationalPost




No comments:
Post a Comment