ဂွမြို့ ရွှေရချိုင် အလယ်တန်း ကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ ရွှေရချိုင် အလယ်တန်း ကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ







MNP ၊ အောက်တိုဘာ   ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အခွန်ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့  မွန်းလွဲ ၁နာရီခွဲက ရွှေရချိုင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


 အခမ်းအနားကို အစီအစဥ်(၂)ပိုင်းခွဲ ၍ ကျင်းပပြုလုပ်ခဲ့သည်။ ပထမပိုင်းအစီအစဥ် အနေဖြင့် ရှေးဦးစွာ မြို့နယ် ရဲတပ်ဖွဲ့မှ မြို့မစခန်းမှူးဒုရဲမှူးဝင်းအောင်က မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်းအသိပညာ​ပေးခြင်း၊ အခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်နိုင်က အခွန်(၆)မျိုးအကြောင်း အသိပညာပေးခြင်း၊၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်နှင့်အားကစားကဏ္ဍ အကြောင်း အသိပညာပေးခြင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အ​ကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။


ဆက်လက်၍ ဒုတိယပိုင်း အစီအစဥ်အနေဖြင့်လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ရွှေရချိုင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ Grade-8ကျောင်းသား မောင်လှိုင်မင်းဦးက လူငယ်နှင့်ပတ်ဝန်းကျင်ပျက်စီး​စေမှုအား ထိန်းသိမ်းကာကွယ်ခြင်း၊ Grade-9မှ ကျောင်းသူများဖြစ်သော မအိပိုပိုထက်က လူငယ်နှင့်ကျန်းမာဖွံ့ဖြိုးတိုးတက်ရေး၊ မဧကရီကျော် က စာပေမှ ရရှိသည့် မြန်မာစကားပုံအကြောင်း၊ မစန္ဒီမိုးမြင့်က စာဖတ်ခြင်းဖြင့်ကျန်းမာရေးမှ ရရှိသည့် အသိပညာ  စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ထို့နောက် ရွှေရချိုင် အ.လ.က(ခွဲ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေမာထွန်းက လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် အား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။


 ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)