MNP ၊ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းခန်းမ၌ သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက အဆိုပါသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူ (၁၀၀) ဦးအားရေဘေး၊ မီးဘေးနှင့် ငလျင်ဘေးအပါအဝင် သဘာဝဘေးဆိုင်ရာ သိမှတ်ဖွယ်အကြောင်းများနှင့် သဘာဝဘေးကြုံတွေ့လာပါက ဘေးကင်းလုံခြုံရေးအတွက် တုံ့ပြန်ပြုမူလုပ်ကိုင်ဆောင်ရွက်ရမည့် နည်းလမ်းများ အကြောင်းတို့ကို အသိပညာပေးဟောပြောပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ကြောင်း သိရသည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ယင်းသင်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများထံ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment