မိုင်းယုမြို့၌ ဧည့်စာရင်းတိုင်ကြားခြင်း ရှိ၊ မရှိ အိမ်တိုင်ရာရောက် စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ဧည့်စာရင်းတိုင်ကြားခြင်း ရှိ၊ မရှိ အိမ်တိုင်ရာရောက် စစ်ဆေး



MNP ၊ အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့အတွင်း ညဉ့်အိပ်ညဉ့်နေလာရောက်သူများရှိပါက ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊မရှိကို တာဝန်ရှိသူများက အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းအချိန်က အိမ်တိုင်ရာရောက် စစ်ဆေးခဲ့ကြသည်။


ယင်းသို့ ဧည့်စာရင်းစစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးပါဝင်သည့် ပူးပေါင်းအဖွဲ့က ရပ်ကွက်နှင့်တည်းခိုခန်းများတွင် ညဉ့်အိပ်ညဉ့်နေလာရောက်တည်းခိုသည့် ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာသို့ ဧည့်စာရင်း တိုင်ကြားထားခြင်း ရှိ၊ မရှိကို စစ်ဆေးခဲ့ကြသည်။


ဧည့်စာရင်းစစ်ဆေးခြင်းကို တာဝန်ရှိသူများက နေ့စဉ် ရပ်ကွက်နှင့်ကျေးရွာအလိုက် ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ညဉ့်အိပ်ညဉ့်နေလာရောက်တည်းခိုသော ဧည့်သည်များရှိပါက သက်ဆိုင်ရာသို့ မပျက်မကွက် စနစ်တကျ ဧည့်စာရင်းတိုင်ကြားကြရန် အိမ်ရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


အားချာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)