အမေရိကန်ကတောင် လူရားမသွင်းတော့တဲ့ NUG - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ကတောင် လူရားမသွင်းတော့တဲ့ NUG


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကိုမှ လူသူတော်ကြီးတွေလို့ ထင်နေကြတဲ့ နီပိန်းလေးတွေ သိစေချင်လို့ပါ။ "မပြောချင်ပဲ ပြောရအုံးမယ်၊ နားနဲ့မနာ ဖဝါးနဲ့နာ" ဆိုသလိုပေါ့ဗျာ။ ကျုပ်တို့ကတော့ NLD တွေ အာဏာရပြီးဆိုကတည်းက တိုင်းပြည်ကမောက်ကမ ဖြစ်တော့မယ်ဆိုတာ ကြိုသိနှင့်ပြီးသားပါ။ ကမောက်ကမဖြစ်အောင် လုပ်မယ့် နိုင်ငံရေးလုပ်စားသူတွေ ဆိုတာကို သိထားခြင်းကြောင့် ကြိုသိနေတယ်လို့ ပြောခြင်း ဖြစ်ပါတယ်။

နီပိန်းလေးတွေမှာတော့ လေပြောကောင်းသလောက် လက်တွေ့မဆန်တဲ့ နိုင်ငံရေးလုပ်စားသူတွေကိုမှ အထင်ကြီး လေးစားပြီး ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေ ပြောသမျှ အဟုတ်ထင်ပြီး လိုက်ပါ လုပ်ဆောင်ခြင်းကြောင့် အတိဒုက္ခရောက်ခဲ့ရသူတွေလည်း မနည်းတော့ပါဘူး။

နစကအစိုးရဟာ အလွန်အမင်းတော်နေတဲ့ အစိုးရမဟုတ်ဘူး။ အစိုးရအဖွဲ့အစည်းတစ်ရပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲဖြစ်တာပဲ ရှိတယ်။ အစိုးရယန္တရားမှာ ဝန်ကြီးဌာနတွေမှာ ပြည်ဖျက်မိစ္ဆာတွေရဲ့ လှုံ့ဆော်မှုနောက်ကို လိုပြီး CDM လုပ်သွားသူမှ အပ အစိုးရယန္တရားဟာ ထူးထူးခြားခြား ပြောင်းလဲတာ မရှိဘူး။ ဝန်ကြီးဌာနအလိုက် ဦးဆောင်သူ ပြည်ထောင်စုဝန်ကြီးများက မိမိတို့ဦးဆောင်ရတဲ့ ဝန်ကြီးဌာနအလိုက် စနစ်တကျ ထိန်းကျောင်းနိုင်မယ်ဆိုရင်တော့ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။


နီပိန်းတွေ သိစေဖို့ပေါ့ဗျာ -

ခင်ဗျားတို့ကို ဦးဆောင်တဲ့ ပြည်ဖျက်မိစ္ဆာများဟာ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လို့ ဖွဲ့ပြီးမှ ဘာလို့ ပြည်ပကို ထွက်ပြေးတာလဲ။ သူတို့က ဘယ်ပြည်သူအတွက် အလုပ် လုပ်မှာလဲ။ ခင်ဗျားတို့ကို ဦးဆောင်တဲ့ CRPH, NUG အဖွဲ့ဝင်တွေဟာ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်မှာမို့လို့ အမေရိကန်ကို ပြေးတာလား။ သြစတေးလျက ပြည်သူတွေအတွက် လုပ်မှာမို့လို့ သြဇီကို ပြေးတာလား။ အင်္ဂလန်ပြည်သူတွေအတွက် အလုပ် လုပ်မှာမို့လို့ အင်္ဂလန်ကို ပြေးတာလား။ အင်္ဂလန်မှာ -င်ခံဖို့ အင်္ဂလန်ကို ပြေးတာလား။


နီပိန်းတွေ သိစေဖို့ပေါ့ဗျာ -

ခင်ဗျားတို့ကို ဦးဆောင်တဲ့ နိုင်ငံရေးလုပ်စားသူများရဲ့ လုပ်ရပ်ဟာ ခေါင်းဆောင်ကောင်းပီသတဲ့ လုပ်ရပ်လား။ ခင်ဗျားတို့ (နီပိန်း)များကိုတော့ အကြမ်းဖက်သမားများအဖြစ် ပုံသွင်းပြီး သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ရဟန်းရှင်လူပြည်သူတွေကို လိုက်သတ်ခိုင်းတယ်။ ခင်ဗျားတို့ (နီပိန်းများ)မှာ အကြမ်းဖက်သမားများအဖြစ်နဲ့ ကိုယ့်ရွာသူ ရွာသားအချင်းချင်းကိုပင် သတ်ဖြတ်ရန် ဝန်မလေးတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်လာကြတယ်။ ခင်ဗျားတို့ကို ဦးဆောင်သူများက ယမ်းငွေ့တောင် အသမ်းမခံဘဲ လွတ်မြောက်နယ်မြေကို အရောက်ပြေးတယ်။


နီပိန်းတွေ သိစေဖို့ပေါ့ဗျာ -

ခင်ဗျားတို့ကို ဦးဆောင်တဲ့ ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူများက ခင်ဗျားတို့ ပြည်သူ့ကာကွယ်ရေး(PDF) လို့ ဖွဲ့စည်းစေခဲ့တယ်။ ခင်ဗျားတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်ပြီး သုံးသပ်ဆင်ခြင်ကြည့်ပါအုံး။ ပြည်သူကို အကာအကွယ်ပေးခဲ့တဲ့ အဖွဲ့အစည်းလား။ ပြည်သူများအပေါ် ရက်စက်ယုတ်မာခဲ့သူတွေလား။ ကိုယ့်လုပ်ရပ်မှ ကိုယ်နားမလည်ရင် ခင်ဗျားတို့(နီပိန်း)တွေဟာ တကယ့် လူမိစ္ဆာတွေ ဖြစ်ပြီ။


နီပိန်းတွေ သိစေဖို့ပေါ့ဗျာ - 

ခင်ဗျားတို့ကို ဦးဆောင်နေသော ပြည်ပြေး ဝရမ်းပြေး  ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူများဟာ အမေရိကန် က အကူအညီတွေပေးဖို့ မကြာခဏ အော်ကြတယ်။ ခင်ဗျားတို့ကို အကြမ်းဖက်လမ်းစဉ်ပေါ်ရောက်အောင် လှုံ့ဆော်ပြီး အမေရိကန်ကို ထွက်ပြေး ခိုလှုံနေတဲ့ မင်းကိုနိုင် က အမေရိကန် က ယူကရိန်းကို ပေးနေတဲ့ အထောက်အပံ့တွေရဲ့ ဆယ်ပုံတစ်ပုံ ပေးရင်ပဲ တော်လှန်ရေးကြီး နိုင်တော့မှာလိုလို ပြောခဲ့တယ်။ အမေရိကန် က Burma Act ဥပဒေ ပြဋ္ဌာန်းပြီး ခွေးဝမ်းသာအောင် လေလည်ပြလိုက်တဲ့ အချိန်မှာ ပြည်ပြေး ဝရမ်းပြေးတွေ လက်ခမောင်း ထခတ်ကြတယ်။ တိုင်းတပါး အထောက်အပံ့ကို မျှော်ကိုးပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို စဉ်ဆက်မပြတ် လုပ်ချင်နေကြတာ။ အမေရိကန် က တကယ်ပေးသလားဆိုတော့ မပေးဘူး။ ခွေးဝမ်းသာအောင် လေလည်ပြတဲ့ အဆင့်ပဲ ရှိတယ်။ အမေရိကန် က အထောက်အပံ့တွေ ပေးတဲ့အခါမှာရော ဘယ်လောက်ပေးပါတယ်ဆိုပြီး ခင်ဗျားတို့ (နီပိန်း) PDF အကြမ်းဖက်သမားများထံ ပံ့ပိုးပေးသလား။ ခင်ဗျားတို့ကို လက်နက်၊ ခဲယမ်းပေးပြီး အကြမ်းဖက်သမားများအဖြစ် ရှင်သန်လှုပ်ရှားဖို့ထက် ပိုမပေးဘူး။

မင်းကိုနိုင်က အာချောင်ကြည့်တာ။ ရရင် အမြတ်ပေါ့ဗျာ။ သူ့ဘက်က လေပဲ စိုက်ရတာကိုး။ အမေရိကန်ဘက်က ငွေစိုက်ရမှာ။ မင်းကိုနိုင် အာချောင်တိုင်းတော့ မပေးဘူးဆိုတာ ရှင်းနေတာပဲ။ လက်ရှိ အမေရိကန်အစိုးရက ခင်ဗျားတို့ (နီပိန်း)များရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အပြည့်အဝ ပံ့ပိုးပေးလိုသည့်တိုင်အောင် ပေးချင်တိုင်း ပေးလို့ မရဘူး။ အခု ယူကရိန်းကို ပေးမယ့် အထောက်အပံ့တွေတောင် လွှတ်တော်တွင်း ဆွေးနွေးမှုတွေမှာ အဆင်မပြေလို့ ဆိုင်းငံ့ထားရပြီ။ အဆိုးဆုံးအခြေအနေဗျာ အစိုးရယန္တရာလည်ပတ်ဖို့ ရန်ပုံငွေတောင်းခံရာမှာတောင် အဆင်မပြေဖြစ်နေလို့ အစိုးရယန္တရား ရပ်ဆိုင်းထားရမယ့် အခြေအနေမျိုးအထိ ကြုံခဲ့တယ်။ မင်းတို့ တောင်းတိုင်း ပေးရအောင် သူတို့ကို မင်းတို့ အဖေလို့များ ထင်နေသလား။ မင်းတို့ အဖေမဟုတ်ဘူး။ မင်းတို့ ပထွေးတွေက ခိုင်းချင်တဲ့ အခါမှ ပေးတာဆိုတာ သိဖို့။

မင်းတို့ အဖေအရင်းဖြစ်တဲ့ နစကအစိုးရက မင်းတို့ကို ဥပဒေဘောင်အတွင်း ဝင်လာဖို့ ဖိတ်ခေါ်နေတယ်။ ဝင်လာတာနဲ့ ထောက်ပံ့ကြေးပေးတယ်။ လက်နက်အပ်နှံရင် လက်နက်တန်ဖိုးပါ ဆုငွေဆိုပြီး ချီးမြှင့်ပေးသေးတယ်။ ခင်ဗျားတို့(နီပိန်း) ပဒက်တွေဟာ ပထွေးရဲ့ သဘောသဘာဝနဲ့ အဖေအရင်းရဲ့ သဘောသဘာဝကိုတောင် ခွဲခြားသိနိုင်စွမ်း မရှိလောက်အောင်ကို ပိန်းနေကြတာပါတကား။


နီပိန်းတွေ သိစေဖို့ပေါ့ဗျာ - 

ခင်ဗျားတို့ကို အစဉ်တစိုက် ဂျင်းထည့်ခဲ့တဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ (CRPH, NUG) အကြမ်းဖက်အဖွဲ့ ဝင်တွေဟာ သူတို့ကိုယ်သူတို့ တရားဝင်အစိုးရလို့ ပြေတယ်မှတ်လား။ သူတို့ပဲ ပြောနေတာ။ ဘယ်နိုင်ငံကမှ သူတို့ကို တရားဝင်အစိုးရလို့ အသိအမှတ်ပြုပြီး ပြောခဲ့တာ မရှိဘူး။ သူတို့ကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေပါတယ်ဆိုတဲ့ အမေရိကန် ကတောင် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး မဆက်ဆံဘူး။ ကိုယ့်ကိုယ်ကို အစိုးရလို့ ပြောပြီး ကိုယ့်နိုင်ငံထဲမှာလည်း မနေရဲဘူး။ ခင်ဗျားတို့(နီပိန်းတွေ)ရဲ့ ရှေ့ကနေ ဦးဆောင်လမ်းပြပြီး တိုက်ပွဲဝင်ခဲ့တာလည်း မရှိဘူး။ ခင်ဗျားတို့ကို သေတွင်းထဲတွန်းပို့ပြီး သူတို့က နိုင်ငံရေးအမြတ်ထုတ်ဖို့ စောင့်နေကြတာပဲ။


နီပိန်းတွေ သိစေဖို့ပေါ့ဗျာ -

ယနေ့ ကမ္ဘာအရပ်ရပ်မှာ ကိုဗစ်အလွန် ပညာရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးတွေကို ပုံစံအသစ်နဲ့ ပြန်လည်ပုံဖော်လာနေကြတယ်။ မိတ်ဖက်နိုင်ငံတွေ စုဖွဲ့လာကြတယ်။ ခင်ဗျားတို့(နီပိန်းတွေ)ရဲ့ အစိုးရလို့ ခေါ်တဲ့ (NUG) ကို ဘယ်နိုင်ငံက တရားဝင်ဖိတ်ကြားလို့ ပြည်သူလူထုအကျိုးအတွက် ဘာတွေများ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့တာ ရှိသလဲ။ ခင်ဗျားတို့(နီပိန်း) ပဒက်များအတွက် ကမ္ဘာပတ်အလှူခံပြီး အလွဲသုံးစားလုပ်နေတာပဲ ရှိတယ်မဟုတ်လား။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဘောင်မဝင်တဲ့ အရှေ့တီမောနိုင်ငံက သမ္မတနဲ့ လမ်းဘေးမှာ တွေ့ဆုံရတာကို ဂုဏ်ဆာပြနေရုံလောက်နဲ့ အလုပ်မဖြစ်တော့ဘူး။ အရှေ့တီမောတစ်နိုင်ငံသာ လက်ခံတွေ့ဆုံတဲ့ သူ့ကိုယ်သူ နိုင်ငံခြားရေးဝန်ကြီးပါလို့ ပြောပြီး (ဒေါ်စုက အကြမ်းဖက်လှုပ်ရှားမှုကို အားမပေးရင်ပဲ ဒေါ်စုက အရေးမပါတော့ဘူး)လို့ ပြောတဲ့ ဇင်မာအောင် ဆိုသူ က အမေရိကန်လို နိုင်ငံမျိုးကတောင် ပြည်ဝင်ခွင့် မပေးတော့ဘူး။ 


နီပိန်းတွေ သိစေဖို့ပေါ့ဗျာ - 

ခင်ဗျားတို့ (နီပိန်းများ) ဟာ လက်တွေ့ကျကျ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် လုပ်ဆောင်တာမျိုးကို မမြင်တတ်ကြဘူး။ ပုဂ္ဂိုလ်ရေးရှေ့တန်းတင်ပြီး ပြည်သူလူထုကို သေကြောင်းကြံပြီး နိုင်ငံရေးလုပ်စားသူတွေကိုမှ အထင်ကြီး လေးစားမိလို့ လက်တွေ့ဘဝ ခင်ဗျားတို့ နီပိန်းတွေ နေ့ချင်းညချင်း အကြမ်းဖက်သမားဘဝ ရောက်ရပြီမှတ်လား။ အကြမ်းဖက်သမားများအဖြစ်နဲ့ ငါနဲ့မတူ ငါ့ရန်သူ ပြဿနာလိုက်ရာရင်း ဖမ်းဆီးခံရရင် ဥပဒေက ပေးအပ်တဲ့ ပြစ်ဒဏ်ကို ခံရမယ်။ ဥပဒေက ပေးအပ်တဲ့ ပြစ်ဒဏ်ကို မခံယူဘဲ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေမယ်ဆိုရင် မလွဲမသွေ နှိမ်နင်းခြင်းခံရမယ်။

ခင်ဗျားတို့(နီပိန်း)များကို ထိုးကျွေးပြီး လုပ်စားနေတဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် နိုင်ငံရေးလုပ်စားသူများအကြောင်း အခုချိန်ထိအောင် နားမလည်သေးဘူးဆိုရင် ဆင်ကန်းတောတိုး ဆက်မိုက်နေကြပေါ့။ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးကတော့ မလွဲမသွေ လုပ်ကို လုပ်ရမယ့် အလုပ်ဖြစ်တယ်။ ဘယ်နေ့ နှိမ်နင်းခံရမလဲ စောင့်စား၍သာ နေကြပေတော့။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)