MNP ၊ အောက်တိုဘာ ၂
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီး မူတူးဆေးဖိုး တို့ ၃၀-၉-၂၀၂၃ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာအထူးသဖြင့် KNU အဖွဲ့အစည်းနဲ့ ထဲထဲဝင်ဝင်ဆက်ဆံရေးဆောင်ရွက်ခဲ့ရပါတယ်။ အဲ့ဒီတုန်းကတည်းက ရှိခဲ့ဖူးတဲ့သံယောဇဉ်တွေ၊ ရင်းနှီးမှုတွေကိုအခြေခံပြီး ( ၃၀.၀၉.၂၃ ) ရက်နေ့က အဖိုးမူတူးဆေးဖိုးက နေပြည်တော်ရောက်တုန်းတွေ့ချင်လို့ ဖိတ်ကြားတာရယ်၊ ကျွန်တော်တို့ကလည်း တွေ့ချင်နေတာရယ် ပေါင်းစပ်ပြီး ငြိမ်းချမ်းရေးကို လိုလားကြတဲ့မိတ်ဆွေဟောင်းတွေ တွေ့ဆုံခဲ့ကြောင်း အသိပေးရေးသားထားသည်။
ကရင်တိုင်းရင်းသားခေါင်းဆောင် မူတူဆေးဖိုး သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် တွေ့ဆုံစဉ် သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များအဖြစ် ဆောင်ရွက်ခဲ့ကြသူများလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment