အာရှအားကစားပြိုင်ပွဲ ပြီးဆုံး၊ အိမ်ရှင်တရုတ် နိုင်ငံက ရွှေတံဆိပ် ၂၀၁ ခု၊ ငွေတံဆိပ် ၁၁၁ ခု၊ ကြေးတံဆိပ် ၇၁ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရပ်တည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာရှအားကစားပြိုင်ပွဲ ပြီးဆုံး၊ အိမ်ရှင်တရုတ် နိုင်ငံက ရွှေတံဆိပ် ၂၀၁ ခု၊ ငွေတံဆိပ် ၁၁၁ ခု၊ ကြေးတံဆိပ် ၇၁ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရပ်တည်


MNP ၊ အောက်တိုဘာ ၉

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက်က ဟန်ကျိုးမြို့ရှိ Olympic Stadium ၌ ကျင်းပသည်။ 

ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက်ဆုရရှိမှုတွင် အဆင့် ၂၇ နေရာ ရပ်တည်ခဲ့သည်။

ပိတ်ပွဲအခမ်းအနားကို ဖျော်ဖြေရေးအစီအစဉ်များဖြင့် ခမ်းနားစွာကျင်းပပြီး အာရှအားကစားပြိုင်ပွဲ ကျင်းပရေးအလံကို ၂၀၂၆ ခုနှစ် အိမ်ရှင်အဖြစ်ဂျပန်နိုင်ငံထံ လွှဲပြောင်းပေးအပ်သည်။ (၁၉) ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တို ဘာ ၈ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်မှ အားကစားသမား စုစုပေါင်း ၁၀၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

အိမ်ရှင်တရုတ် နိုင်ငံက ရွှေတံဆိပ် ၂၀၁ ခု၊ ငွေတံဆိပ် ၁၁၁ ခု၊ ကြေးတံဆိပ် ၇၁ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရပ်တည်ခဲ့ပြီး ဂျပန်နိုင်ငံက ရွှေတံဆိပ် ၅၂ ခု၊ ငွေတံဆိပ် ၆၇ ခု၊ ကြေးတံဆိပ် ၆၉ ခုဖြင့် ဒုတိယ၊ တောင်ကိုရီးယားနိုင်ငံက ရွှေတံဆိပ် ၄၂ ခု၊ ငွေတံဆိပ် ၅၉ ခု၊ ကြေးတံဆိပ် ၈၉ ခုဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် အားကစားနည်း ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရယူနိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုများကို ရိုးရာလှေ အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲတွင် တစ်ခုနှင့် ရိုးရာလှေ အမျိုးသား မီတာ ၁၀၀၀ ပြိုင်ပွဲတွင် တစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘောလုံး၊ ဝူရှူး၊ Esports ၊ တိုက်ကွမ်ဒိုနှင့် မြားပစ်အားကစားနည်းများမှာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ 


ဓာတ်ပုံ - asean football

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)