ပြင်ဦးလွင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့်ဟောပြောခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့်ဟောပြောခြင်း

 




MNP ၊ အောက်တိုဘာ   ၁၂

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင်  ၂၀၂၃-၂၀၂၄  ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ကျန်းမာရေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၈)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ   ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြသည်။


ရှေးဦးစွာ  ကလေးကုသမှုပါရဂူ  ဗိုလ်ကြီးဒေါ်လဲ့လဲ့ဘိုနီမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး   အမှတ်(၁)၊  တပ်မတော်စစ်ဆေးရုံ ကုတင်(၇၀၀)ဆံ့ ဆေးရုံမှ  ဗိုလ်မှူးချုပ် မျိုးသန့်၏ ကြီးကြပ်မှုဖြင့် ဒုတိယဗိုလ်မှူးကြီးမင်းနေဇာဝှိုက်(ခွဲစိတ်ကုသမှုပါရဂူ)  ဦးစီး၍   ပါရဂူ(၈) ဦး၊ ဆေးမှူး(၁)ဦး၊  သူနာပြု/ကျွမ်းကျင်သူအရာရှိ (၁၁) ဦး၊ အခြားအဆင့်သူနာပြု(၆)ဦးနှင့် အခြားအဆင့်အထွေထွေ(၅)ဦး၊ စုစုပေါင်း(၃၁) ဦးတို့ဖြင့်  ပြင်ဦးလွင်မြို့၊ အ.ထ.က(၁)ရှိ  ဆရာ(၃)ဦး၊ ဆရာမ(၂၁)ဦး၊ ကျောင်းသား(၁၄၉)ဦး၊ ကျောင်းသူ(၂၀၉) ဦးတို့အား     ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ  ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား  ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖျားနာရောဂါ၊  ခွဲစိတ်ရောဂါ၊ အရိုးရောဂါ၊  ကလေးရောဂါ၊  မျက်စိကုသမှုရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားရောဂါနှင့် သားဖွား/မီးယပ်ရောဂါ စသည့်ရောဂါများကို စနစ်တကျစစ်ဆေးခဲ့ရာ ဆေးကုသမှုခံယူသည့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၃၈၂)ဦးအနက်  ECG   စက်ဖြင့်  နှလုံးသွေးကြောရောဂါ  စမ်းသပ်စစ်ဆေးသူ(၁၄)ဦး၊ တီဗွီဓာတ်မှန်ရိုက်စစ်ဆေးသူ(၂၁)ဦး၊ သွေးဖောက်၍ ဆီးချို/သွေးချိုစစ်ဆေးသူ (၇)ဦး၊ သွေးအုပ်စုစစ်ဆေးသူ(၁၈)ဦးနှင့် အားဆေးသွင်းသူ (၈)ဦးတို့ဖြစ်ကြောင်း သိရသည်။   


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)